Navigation - link to other main sections from here


ဆိုင်ကယ် စီးလာသူ ထံမှ ပိုက်ဆံအိတ် လုပြေးသူများ နာရီပိုင်း အတွင်း ဖမ်းမိ


မိတ္ထီလာမြို့တွင် လက်ဖက်ရည်ဆိုင် ပိတ်ပြီး သား နှင့်အတူ ဆိုင်ကယ်နောက်မှ အိမ်ပြန်လာသည့် အမျိုးသမီး၏ ပိုက်ဆံအိတ်အား ဆိုင်ကယ်စီး လူငယ် ၃ ဦးမှ နောက်မှ လိုက်လာပြီး ပိုက်ဆံအိတ်အား လုယက်သွားသည့် အမှုအား ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်း ဖော်ထုတ်မှုကြောင့် နာရီပိုင်း အတွင်း ပြန်လည် သိမ်းဆည်း ရမိခဲ့သည်။ ပိုက်ဆံအိတ် လုယူမှုကို ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်နိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး သက်ဝင်းမှ ကြီးကြပ်ပြီး အမှတ် ၁ ရဲစခန်းမှ ရဲအုပ်ခင်မောင်စိုးနှင့် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ရန်နိုင်ထွန်းတို့သည် မြို့နယ်အတွင်း ဆိုင်ကယ်များဖြင့် အပူတပြင်း ရှာဖွေကြရာ ပိုက်ဆံအိတ် လုပြေးသူလူငယ် ၃ ဦးအား ည ၁၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းသွား ကားလမ်း ပို့ဆက်ကျောင်းရှေ့တွင် လုယူသွားသော ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိလိုက်သည်။ ပိုက်ဆံအိတ် လုယူပြေးသော သူများမှာ ရှင်ရဲထွဋ် (၂၁) ပေါက်ချောင်းရပ်၊ လပြည့်အောင် (ခ)ကျော်ဖြိုးဦး နန်းတော်ကုန်းရပ်နှင့် သူရဇော်(ခ)သူရ ၂၀ နှစ် နန်းတော်ကုန်းတို့ ဖြစ်ကြသည်။ ၎င်းတို့ ၃ ဦးအား အမှတ် ၁ ရဲစခန်းမှ (ပ) ၄၈၁/၂၀၁၀ပုဒ်မ ၃၈၂ ဖြင့် ဖမ်းဆီး အရေးယူ ထားသည်။

၃၀ . ၁၀ . ၂၀၁၀
ကိုပုည (မိတ္ထီလာ) © Envoy

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats