Navigation - link to other main sections from here


အမြန် လမ်းမကြီး ပေါ်တွင် တစ်ပတ် အတွင်း ယာဉ် နှစ်စီး မှောက်ပြီး လူ ခုနစ်ဦးသေ


ရန်ကုန် - နေပြည်တော် အမြန် လမ်းမပေါ်တွင် တစ်ပတ် အတွင်း အိမ်စီးကား နှစ်စီး တိမ်းမှောက် ခဲ့ပြီး စုစုပေါင်းလူ ၇ ခုနှစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။ နိုဝင်ဘာ ၂၃ ရက် ညနေ ပိုင်းက အဆိုပါ လမ်းမပေါ်ရှိ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီေ ကျးရွာ အနီး၌ အိမ်စီးကား တစ်စီး တိမ်းမှောက်၍ ကားပေါ်ပါ လာသူ လူ ၄ ဦး သေဆုံး ခဲ့သည်။ ထိုဖြစ်စဉ် နှင့် ၂ ရက်သာ ခြား၍ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ပိုင်းတွင်လည်း ရန်ကုန် - နေပြည်တော် အမြန် လမ်းမ ပေါ်၌ ကားရှေ့ဘီးပေါက်၍ ကား မှောက်ပြီး လူသုံးဦး သေဆုံး ခဲ့ကြောင်း ငါးဆူတောင် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ အမြန်လမ်းမကြီးပေါ်တွင် ကား တိမ်းမှောက်မှုများ ဖြစ်ပွားမှုတွင် အိမ်စီးကား များမှာ အများဆုံး ဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာလ ကလည်း ကားမှောက်မှု ဖြစ်ပွား ခဲ့ပြီး လူသုံးဦး သေဆုံး ခဲ့ကြောင်း သိရသည်။ ထိုလမ်းကို မောင်းလေ့ မောင်းထ မရှိသေးဘဲ သတ်မှတ် မိုင်နှုန်းထက် ပိုမောင်းခြင်း၊ ကားလမ်းများ ကောင်း၍ အရှိန်တင် မောင်းစဉ် ကား အမြန်နှုန်း တက်လာ သည်ကို သတိမမူမိဘဲ အကွေ့များ အရောက်တွင် လမ်းချော်ခြင်း စသော အကြောင်းများကြောင့် ထိုသို့ တိမ်းမှောက်မှုများ အများဆုံး ဖြစ်ပွားရကြောင်း ဒေသခံများထံမှ သိရသည်။

“အမြန်လမ်းမှာ ကားတွေမှောက်တာ ကားလေးတွေ များပါတယ်။ အိမ်စီးကား တွေပဲပေါ့။ ကားမှောက်ရတဲ့ အဓိက အကြောင်းရင်းက သတ်မှတ် ထားတဲ့ မိုင်နှုန်းတွေကို မလိုက်နာတာဘဲ။ ယာဉ်မောင်းတွေက မောင်းကောင်း တိုင်းမောင်းကြတယ်။ အရှိန်လျှော့ဖို့ သတိ လက်လွှတ် ဖြစ်တယ်။ အဲဒီတော့ လမ်းတွေကို ရုတ်တရက် ကွေ့လိုက်ရတဲ့ အချိန်မှာ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်ဘဲ မှောက်ကြတယ်”ဟု နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

၀၄ . ၁၂ . ၂၀၁၀
© 7 Day News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats