Navigation - link to other main sections from here


၉ နှစ်ရွယ် ကလေးငယ်အား အဓမ္မပြုကျင့်၍ သတ်ခဲ့သူ များကို သေဒဏ်နှင့် ပြစ်ဒဏ်ကြီးများ ချမှတ်


အသက် ၉ နှစ်ရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်အား အဓမ္မ ပြုကျင့်၍ ဓားနှင့် ခုတ်သတ် ခဲ့သည့် တရားခံ သုံးဦးအား ပဲခူး ဒုတိယခရိုင် တရားရုံးမှ ပြစ်ဒဏ်အ သီးသီး ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လ ၄ ရက်က သနပ်ပင်မြို့နယ်နေ မxxxx အား တရားခံ ဘောဂ (ခ) ညွန့်ဆန်း (၂၃)နှစ်၊ စိုးနိုင် (၃၈) နှစ်နှင့် ညွန့်ဝင်း (၄၅) နှစ်တို့ သုံးဦးက ပြစ်မှု ကျူးလွန် ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ အမှုနှင့် ပတ်သက်၍ ယခုနှစ် သြဂုတ်လ ၁၆ ရက်တွင် ပဲခူးတိုင်း ဒေသကြီးတရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်သည်။

စစ်ဆေးပေါ်ပေါက်မှုများအရ တရားခံ ဘောဂ (ခ) ညွန့်ဆန်း (၂၃) နှစ်အား ပြစ်မှုပုဒ်မ (၃၀၂) (၁)(ဂ)/၁၁၄အရ သေဒဏ် ကျခံစေရန်၊ တရားခံစိုးနိုင် (၃၈) နှစ်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ် ၃၇၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်၊ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး တရားခံပြေး ညွန့်ဝင်း (၄၅နှစ်) အား ကျင့်(၈၇/၈၈) ထုတ်ပြန်၍ တရားခံပြေးအဖြစ် အတည်ပြု အမိန့်ချမှတ်ပြီး ဖမ်းဆီး ရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


၃၀ . ၁၀ . ၂၀၁၀
နေလင်းအောင် © 7 Day

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats