Navigation - link to other main sections from here


မိတ္ထီလာ စက်မှု ဇုန်တွင် မီတာဘောက် အခိုးခံရ criminalnews,


မိတ္ထီလာမြို့ မြောက်ဘက် (၁၀)မိုင်ကွာ သပြေ၀ကျေးရွာ အနီးရှိ စက်မှုဇုန် (၂)လမ်း၊ မြေကွက် အမှတ်၆၂ ရှိ အောင်မျိုးကျော် ၃၅ နှစ်၏ သကြားစက်တွင် တပ်ဆင်ထားသော ၁၆၀ KV ထရန်စဖော်မာအား ဖျက်ဆီးပြီး ထရန်စဖော်မာအတွင်း တပ်ဆင်ထားသော မီတာအမှတ် XN -၂၆၈၇၆ နှင့် ထရန်စဖော်မာ၏ အတွင်းပစ္စည်းများ ဖြစ်သည့် ကွိုင်ကြီး သုံးခွေနှင့် ဆီဘူးတစ်ဘူး အပါအ၀င် တန်ကြေးငွေ ငါးသိန်းကျော်ဖိုးကို အောက်တိုဘာ ၅ ရက်နေ့က ဖျက်ဆီးခံရသဖြင့် သကြားစက်ပိုင်ရှင် အောင်မျိုးကျော်က မီတ္ထီလာမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းသို့ တိုင်ကြားခဲ့သည်။ စက်မှုဇုန် သကြားစက်မှ မီတာနှင့် လျှပ်စစ်ပစ္စည်းများ အခိုးခံရမှုကို မိတ္ထီလာမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ကျော်မင်းက တရားလို ပြုလုပ်၍ မိတ္ထီလာ အမှတ် ၃ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရာ ရဲစခန်း (ပ)၁၀၈/၂၀၁၀ပုဒ်မ ပြည်သူပိုင် ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားသည်။


၃၀ . ၁၀ . ၂၀၁၀
ကိုပုည (မိတ္ထီလာ) © Envoy

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats