Navigation - link to other main sections from here


ရဲစခန်းပိုင် အပါ အ၀င် လျှပ်စစ်ကြိုးများ ပေပေါင်း ထောင်နှင့် ချီ၍ ခိုးယူသော တရားခံများ ခိုးရာပါ ပစ္စည်းများ နှင့် အတူ ဖမ်းဆီးမိ


ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရဲစခန်းပိုင် အပါအ၀င် လျှပ်စစ်မီးကြိုးများ ပေပေါင်း ထောင်နှင့်ချီ၍ ခိုးယူနေသော တရားခံ သုံးဦးအား ဖမ်းဆီး ခဲ့ကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ ၁၉-၉-၂၀၁၀ ရက်၊ ညနေ ၄ နာရီ အချိန်တွင် ထောက်ကြန့်၊ ပျဉ်းမပင် ကျေးရွာရှိ မြန်မာ့ နှစ်ရှည် ရော်ဘာ စိုက်ခင်းဝင်းနေ တရားလို ဒေါ်သန္တာဦး သည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် လျှပ်စစ်မီး ပြတ်တောက် သွားသဖြင့် အိမ်အနီး အနား နေသူအား အကူအညီ တောင်း၍ လိုက်လံ စစ်ဆေးစဉ် ၎င်း၏ နေအိမ်သို့ သွယ်တန်း ထားသော လျှပ်စစ်မီးကြိုး ပေ၂၈၀ ခန့်မှာ ပျောက်ဆုံး နေသဖြင့် အရေးယူ ပေးရန် တိုင်တန်းရာမှ ထောက်ကြန့် ရဲစခန်းက (ပ) ၃၀၁/၂၀၁၀၊ ပုဒ်မ ၃၇၉ဖြင့် အမှုဖွင့် အရေးယူ ခဲ့ကြောင်း၊ ယင်းအမှု နှင့် ပတ်သက်၍ မသင်္ကာဖွယ် တရားခံ ကျော်ဇင်ဟိန်း အား ၂၂-၉-၂၀၁၀ ရက်က ခေါ်ယူ စစ်ဆေး ရာ ၎င်းသည် မင်္ဂလာဒုံ မြို့နယ် နှင့် အခြား မြို့နယ်များ အတွင်း ကြေးနန်းကြိုး များကို ခိုးယူ ခဲ့ကြောင်း၊ ၎င်းနှင့် အတူ အောင်မင်းသူ (ခ) ကရင်(ခ) မိုးကျော်နှင့် အောင်မင်း တို့လည်း ပြစ်မှု ကျူးလွန် ရာတွင် ပါဝင် ခဲ့ကြောင်း သိရသည်။

တရားခံ သုံးဦး၏ ထွက်ဆိုချက် အရ ၂၀၁၀ ပြည့်နှစ် မေလ အတွင်းက မင်္ဂလာဒုံ ရဲစခန်းပိုင် ကျိုက္ကလဲ့ဘူတာ အနီးရှိ မီးရထား သံလမ်းဘေးတွင် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုး ပေ ၂၆၀ ခန့်နှင့် တပ်မတော်ဆေး တက္ကသိုလ် ခြံစည်းရိုးအတွင်း လမ်းဘေး မီးတိုင်များတွင် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုး အရှည် ပေ၅၀၀ ခန့်၊ ရွှေပြည်သာ ရဲစခန်းပိုင် ရင်းမြန်မာကုမ္ပဏီအနီး လမ်းဘေး မီးတိုင်များတွင် သွယ်တန်း ထားသည့် လျှပ်စစ်မီးကြိုး အရှည်ပေ၂၀ခန့်အား လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ အတွင်းက မင်္ဂလာဒုံ ရဲစခန်းပိုင် ပင်မယာဉ် သိုလှောင်ရေး တပ်အနီး လမ်းဘေး မီးတိုင်တွင် သွယ်တန်းထားသည့် အရှည်ပေ ၁၇၀ ခန့်ရှိ လျှပ်စစ်မီးကြိုး များအား လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ အတွင်းက ထောက်ကြန့်ပိုင်း ရပ်ကွက်၊ စစ်သင်္ချိုင်း အတွင်း သွယ်တန်းထားသည့် ကြေးနန်းကြိုး အရှည်ပေ ၅၀၀ ခန့်၊ လှော်ကား ဥယျာဉ် အရှေ့ လမ်းဘေးမီးတိုင် များတွင် သွယ်တန်း ထားသည့် ကြေးနန်း ကြိုးအရှည် ပေ၅၀၀ ခန့်နှင့် လှည်းကူး ရဲစခန်းပိုင်၊ အမှတ်၃ လမ်း ဆုံအကျော် ရန်ကုန်-ပဲခူး၊ လမ်းမဘေးရှိ ကြေးနန်း အရှည် ပေ ၄၀၀ ခန့်အား လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ အတွင်းက ရွှေပြည်သာ လှော်ကား ရဲစခန်းပိုင် ငါးမွေးမြူရေး စခန်းအနီး၊ လမ်းဘေးမီးတိုင် များတွင် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုး ပေ ၂၅၀ခန့်အား လည်းကောင်း ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တရားခံ များ၏ ထွက်ဆိုချက်အရ သက်သေခံ ပစ္စည်းများအား သိမ်းဆည်းပြီး ခိုးရာပါ ပစ္စည်းလက်ခံ၊ ၀ယ်ယူသူ အမျိုးသမီး နှစ်ဦးအား အမှုဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။


၃၀ . ၁၀ . ၂၀၁၀ ©


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats