Navigation - link to other main sections from here


ခရီးသည်တင် ယဉ်က မီးရထား သံလမ်းပိတ် တံခါးအား ၀င်တိုက်မိ တိမ်းမှောက်


ဒဂုံမြို့သစ်၊ တောင်ပိုင်း မြို့နယ်၊ အမှတ် (၂) လမ်းပေါ်တွင် အောက်တိုဘာ ၅ ရက် နံနက် ၅ နာရီ အချိန် ခန့်က ခရီးသည်တင်ယာဉ် တစ်စီးသည် မီးရထား သံလမ်းပိတ် တံခါးတိုင် နှင့် တံခါးအား ၀င်တိုက်မိ၍ တိမ်းမှောက် သွားသောကြောင့် ယာဉ်ပေါ် ပါသူ အမျိုးသမီး သုံးဦး ထိခိုက် ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရ ရှိသည်။ အမှတ် (၂) လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင် လာသော ၃ခ/၇၈၇၁ ကင်တာ အမျိုးအစား (ရန်ကုန်-ပဲခူး) ကမ္ဘာကျော် လိုင်းမှ ခရီးသည်တင် ယာဉ်သည် တံတားဖြူ မှတ်တိုင် အနီး မီးရထား သံလမ်းကူး အရောက်တွင် ယာဘက်လမ်းစပ်ရှိ မီးရထား သံလမ်းပိတ် တံခါးတိုင် နှင့် တံခါးတို့အား ၀င်တိုက်မိပြီး ယာဘက်သို့ တိမ်းမှောက် သွားခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်၍ တိမ်းမှောက် မှုကြောင့် ယာဉ်နှင့် မီးရထားသံလမ်း ပိတ်တံခါးတို့ ပျက်စီးသွားပြီး ယာဉ်ပေါ်ပါသူ ခရီးသည် အမျိုးသမီး သုံးဦးမှာ ထိခိုက် ပွန်းပဲ့ ဒဏ်ရာများ အသီးသီး ရရှိသွား၍ သင်္ဃန်းကျွန်း စံပြဆေးရြုံကီးတွင် အတွင်း/အပြင်လူနာများ အဖြစ် တင်ပို့ ကုသလျက် ရှိကြောင်း သတင်း ရရှိသည်။ ယာဉ်တိုက်၍ တိမ်းမှောက်မှုကို ယာဉ်မှုစစ်ရဲစခန်းက (ပ)၅၉၄/၁၀၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၃၃၈/၂၇၉ အရ ယာဉ်မောင်းသန်းထွန်းအောင်ကို အမှုဖွင့် အရေးယူနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


၃၀ . ၁၀ . ၂၀၁၀
© 7 Day


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats