Navigation - link to other main sections from here


အဝေးပြေးယာဉ် သစ်ပင် ဝင်တိုက်၍ လူ တစ်ဦးသေ၊ ခုနှစ်ဦး ဒဏ်ရာရ


ရန်ကုန်မြို့မှ အောက်တိုဘာလ (၁၃)ရက် ညနေ ၃ နာရီ ခွဲတွင် ထွက်ခွာ လာသော စိန်ဌေးလှိုင် ခရီးသည် တင်ယာဉ်သည် အောက်တိုဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့ အဝင် ကုန်တင်ယာဉ် ရပ်နား စခန်းရှေ့ အရောက် ယာဉ်စက်ချို့ယွင်း၍ လမ်းဘေး တမာပင်အား ဝင်ရောက် တိုက်မိရာ ယာဉ်မောင်း သေဆုံးပြီး ယာဉ်နောက်လိုက် နှစ်ဦး၊ ခရီးသည်ငါးဦး စုစုပေါင်း ၇ ဦး ပွန်းပဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူ နေရကြောင်း သိရှိရသည်။ အဆိုပါ စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ်သည် ရန်ကုန် - မုံရွာ - ရေဦး ခရီးစဉ်အား ပြေးဆွဲခြင်း ဖြစ်ပြီး ခရီးသည် ၃၂ ဦး စီးနင်း လိုက်ပါ လာကြောင်း စိန်ဌေးလှိုင် ခရီးသည် တင်ယာဉ် အသင်း (မုံရွာ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


၃၀ . ၁၀ . ၂၀၁၀
© 7 Day

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats