Navigation - link to other main sections from here


တောင်ကြီးမြို့တွင် စိတ်ကြွ ရူးသွပ် ဆေးပြား တစ်သိန်းကျော် ဖမ်းမိ


တောင်ကြီးမြို့ အဝင် သစ်တောဂိတ် အနီး ဆိုင်ကယ် တစ်စီး ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်သိန်းကျော် တွေ့ရှိရာမှ ငွေကျပ် သိန်းပေါင်း ကိုးထောင်ကျော် တန်ဖိုး ရှိသည့် စိတ်ကြွရူးသွပ် ဆေးပြားများကို တောင်ကြီး (မူးယစ်) အထူး အဖွဲ့မှ ဖမ်းဆီး မိခဲ့သည်ဟု သတင်း ရရှိသည်။ စက်တင်ဘာ ၁၉ ရက်က မြို့အဝင်ဂိတ် အနီးတွင် ဆိုင်ကယ် တစ်စီးပေါ်မှ စိတ်ကြွဆေးပြားများ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ဆိုင်ကယ်ပေါ်မှ အမျိုး သားနှင့် အမျိုးသမီးတို့မှာ တိမ်းရှောင် သွားခဲ့သည်ဟု သိရသည်။ ဆိုင်ကယ် မှတ်ပုံတင် မှ တစ်ဆင့် အဆင့်ဆင့် စုံစမ်းခဲ့ရာ နောက်ဆုံး ပိုင်ရှင်မှာ တောင်ကြီးမြို့နေသူ လင်မယား နှစ်ဦး ဖြစ်ကြောင်း သိရ၍ နေအိမ်သို့ သွားရောက် ရှာဖွေရာ မတွေ့ရှိဘဲ၊ ဇနီး၏ မောင် တော်သူကိုသာ တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ဖုန်းအဝင် အထွက် များမှ တစ်ဆင့် လိုက်လံေ ခြရာခံ၍ နောက်ဆုံးတွင် တောင်ကြီးရှိ ထိုလင်မယား၏ အသိ အိမ်တွင် ၄င်းတို့အား ဖမ်းဆီး မိခဲ့သည် ဆိုသည်။ ဖမ်းဆီး ရမိသူများအား စစ်ဆေးရာမှ ထိုဆေးပြားများကို နမ့်စန်မြို့ နှင့် ဟိုပုန်းမြို့တို့တွင်နေသ လူနှစ်ဦးထံမှ ယူဆောင် လာခဲ့ခြင်း ဖြစ်ပြီး ထိုလင်မယားက အဆိုပါ ဆေးပြားများကို တစ်ဆင့် သယ်ဆောင် လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ စစ်ဆေးပေါ် ပေါက်ချက်များအရ ပါဝင် ပတ်သက်နေသူများအား တောင်ကြီးမြို့အမှတ် ၂ ရဲစခန်းတွင် မယ(ပ)၁၃/ ၂၀၁၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/ ၂၁ အရ အမှုဖွင့် ဆောင်ရွက်နေပြီး ကွင်းဆက်တရားခံများ ဖမ်းဆီး ရမိရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


၃၀ . ၁၀ . ၂၀၁၀
© 7 day


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats