Navigation - link to other main sections from here


ရန်ကုန်တွင် လိုင်စင်မဲ့ ဆိုင်ကယ် အမျိုးသမီး တစ်ဦးကို တိုက်မိ


လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် တစ်စီးသည် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် အင်းစိန်မြို့နယ် ပုလဲလမ်း၊ သံမဏိ စက်ရုံရှေ့၌ လမ်းလျှောက်နေသူ အမျိုးသမီး တစ်ဦးကို တိုက်မိ သဖြင့် အတိုက် ခံရသူမှာ အင်းစိန် ဆေးရုံ၌ အတွင်း လူနာ အဖြစ် ကုသခံ နေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး၊ ယာဉ်မှုစစ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ဆိုင်ကယ် မောင်းနှင်သူကို ယာဉ်မှု စစ်ရဲစခန်းက (ပ) ၆၁၀/၂၀၁၀ ပြစ်မှု ဆိုင်ရာ ပုဒ်မ ၃၃၈ ဖြင့်အရေးယူလျက်ရှိပြီး ဆိုင်ကယ်မှာ လိုင်စင်မရှိ၍ သိမ်းဆည်း ခဲ့ကြောင်း ယင်းရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။


၃၀ . ၁၀ . ၂၀၁၀
© The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats