Navigation - link to other main sections from here


ဆိုင်ကယ် ၁၆ စီး ခိုးယူသူ ဖော်ထုတ် ဖမ်းဆီး


နေပြည်တော်တွင် ဆိုင်ကယ် ခိုးမှုဖြင့် ကျော်ဇော သတင်း ရှိသူအား ခေါ်ယူ စစ်ဆေးရာမှ ဆိုင်ကယ် ၁၆ စီး ခိုးယူမှုအား ဖမ်းဆီး ဖော်ထုတ်နိုင် ခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ ယခုလ ၆ ရက်က နေပြည်တော် ခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များသည် နယ်မြေ အတွင်း ဖြစ်ပွား ခဲ့သည့် ဆိုင်ကယ် ခိုးယူမှုများ နှင့် ပတ်သက်၍ မသင်္ကာရှိသူ ဇမ္ဗူသီရိမြို့နယ်၊ ဆိတ်နံတုန်း ရွာနေ ၀င်းနိုင်သိန်း ဆိုသူအား ခေါ်ယူစစ်ဆေး ခဲ့သည်ဟု သိရသည်။ စစ်ဆေး ဖော်ထုတ် ချက်များ အရ ၀င်းနိုင်သိန်းသည် အေလာမြို့၊ ရွာမရပ်နေ ထွန်းဇော်ဝင်း နှင့် ဖိုးလပြည့်တို့ ၂ ဦး နှင့် အတူ ဇမ္ဗူသီရိမြို့ နယ်၊ လက်ပံခါးကျေးရွာ၊ ပြန်ကပြေးရွာနှင့် ရွှေကြာပင်ရပ်ရှိ နေအိမ်များမှ ဆိုင်ကယ်များ ခိုးယူခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဆိုသူ ထွန်းဇော်ဝင်းနှင့် ဖိုးလပြည့်တို့ ၂ ဦး အား ရေတာရှည်မြို့နယ် မြို့လှ ရဲစခန်းတွင် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀/၅၄ ဖြင့် ဖမ်းဆီးစစ်ဆေး နေကြောင်း သိရသည်။ အဆိုပါ လူနှစ်ဦးအား ၀င်းနိုင်သိန်း နှင့် တိုက်ဆိုင် စစ်ဆေးရာမှ ခိုးယူသည့် ဆိုင်ကယ်များအား လယ်ဝေးမြို့နယ်ရှိ ကျေးရွာများ နှင့် ရေတာရှည်မြို့နယ်ရှိ မြို့လှမြို့တို့တွင် သွားရောက် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၁၄ရက်တွင် ဆိုင်ကယ် ၁၆ စီးအား ရဲတပ်ဖွဲ့မှ ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး မူလပိုင်ရှင်များ သိရှိနိုင်ရန် စုံစမ်း ဆက်သွယ်နေသည်ဟု သိရသည်။ နေပြည်တော်အမှတ် ၁ ရဲစခန်းတွင် ၀င်းနိုင်သိန်းအား (ပ)၁၀၁/၂၀၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄ (ခိုးမှု မသင်္ကာ) ဖြင့် စစ်ဆေးခဲ့သည်။


၃၀ . ၁၀ . ၂၀၁၀
© 7 Day

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats