Navigation - link to other main sections from here


ရောဂါကြောင့် မသေ ရေနစ် လို့သေ


ခရမ်း မြို့နယ်တွင် ဆေးကုသမှု ခံယူပြီး ရွာသို့ ပြန်လာရာ စက်လှေ ပေါ်တွင် ပြုတ်ကျ သေဆုံး ခဲ့သည့် ဖြစ်ရပ် တစ်ခု အောက်တိုဘာ ၆ ရက်က ဖြစ်ပွား ခဲ့သည်။ ဖြစ်ပွားပုံမှာ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ခရမ်းမြို့နယ် စက်ကလေးစု ကျေးရွာနေ ဦးတင်ဝင်း (၅၃) နှစ်သည် မကျန်းမမာ ဖြစ်နေသည့် အတွက် ခရမ်းမြို့နယ် (၁) ရပ်ကွက်ရှိ ပြင်ပ ဆေးကု ခန်းတွင် ဆရာဝန် နှင့် ပြသ၍ ဆေးကုသ မှုခံယူပြီးနောက် ရွာသို့ ပြန်ရန် အတွက် (၅) ရပ်ကွက် အရှေ့ကမ်းနား မော်တော်ဆိပ်ရှိ မော်တော်ဦးပိုင်း တွင်ထိုင် နေစဉ် ရုတ်တရက် မူးလဲ၍ ရေထဲသို့ ပြုတ်ကျခဲ့ရာ ခရမ်းဆေးရုံသို့ ပို့ဆောင်ရာ၌ သေဆုံး သွားခဲ့သည်။ ခရမ်းမြို့နယ် ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၁၄/၂၀၁၀ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

၁၄ . ၁၁ . ၂၀၁၀ © Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats