Navigation - link to other main sections from here


အကောက်ခွန်မဲ့ ပစ္စည်း ၁၂ မျိုး ဖမ်းမိ


မိတ္ထီလာခရိုင် သာစည်မြို့နယ် ဘုရား ငါးဆူ ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၇ ရက်က တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင် လာသည့် ဇ/၂၁၇၃ ဟီးနိုး ရိန်းဂျား ခြောက်ဘီးကား အဖြူ ရောင်အား ပူးပေါင်းအဖွဲ့က ရပ်တန့် စစ်ဆေးရာ အကောက်ခွန်မဲ့ ပစ္စည်းများ တင်ဆောင်လာ သဖြင့် သာစည် ရဲစခန်းတွင် အမှတ် - ၅ ရယက ဥက္ကဋ္ဌ ဦးအောင်မင်း၊ အဖွဲ့ဝင် ဦးမြင့်ဝင်း တို့က သက်သေများ ရှေ့တွင် စစ်ဆေးရာ အကောက်ခွန်မဲ့ ဟင်းချိုမှုန့်၊ ပဲနို့ အချိုရည်၊ ဖန်ချောင်း အပါ အ၀င် အကောက်ခွန်မဲ့ ပစ္စည်း ၁၂ မျိုး၊ တန်ဖိုး ငွေကျပ် ၁၇၇၂၈၀၀၀ ဖိုး ဖမ်းဆီးရ မိခဲ့သည်။ သာစည်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သက်နိုင်က တရားလို ပြုလုပ်၍ အမှုဖွင့် တိုင်ကြားရာ ရဲစခန်း(ပ) ၁၄၉/၂၀၁၀ သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ-၅ (၁) ဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

၁၄ . ၁၁ . ၂၀၁၀
စာရေးသူ - တင်လှိုင်
© Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats