Navigation - link to other main sections from here


ဓားနဲ့ ထောက်ပြီး လုလို့တဲ့


အမျိုးသမီး တစ်ဦးအား ဓားဖြင့် ထောက်ကာ အကြမ်းဖက် လုယက် ခဲ့သည့် တရားခံ တစ်ဦးကို မြန်မာနိုင်ငံ အထူး ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၈ရက် နံနက် ၉နာရီခွဲ တွင် လှိုင်သာယာ မြို့နယ် ဘောဂမြိုင်(၄) လမ်း၊ ၅ ရပ်ကွက် နေသူ အေးအေးမွန် (၂၉) နှစ်သည် နေအိမ်အား သော့ခတ်၍ န၀ရတ် လမ်းမကြီးတွင် ကုန်ခြောက် ရောင်းနေသော အစ်မ ဖြစ်သူ မလဲ့လဲ့အား အိမ်သော့ ပေး၍ ဗိုလ်ချုပ် လမ်းထိပ်သို့ သွား ရောက်ပြီး နေအိမ်သို့ ပြန်လာစဉ် နေအိမ် တံခါး ပွင့်နေ သဖြင့် အတွင်းသို့ ၀င်ရောက်ပြီး အပေါ်ထပ်သို့ တက်ရောက်စဉ် အကြမ်းဖက် သမားမှာ မအေးအေးမွန်အား လက်ဖမ်း ဆွဲပြီး နောက်ကျောအား ဓားဖြင့် ထောက်ကာ မအော်နဲ့၊ အော်လျှင် သတ်ပစ် မည်ဟု ခြိမ်းခြောက်ကာ မအေးအေးမွန်အား လျှပ်စစ် မီးပူကြိုးနှင့် လက်နောက်ပြန် ချည်၍ ထားခဲ့သည်။ ထို့နောက် နေအိမ် အောက်ထပ် သို့ ဆင်းပြေး သွားသည်ကို တွေ့ရပြီး မအေးအေးမွန်က ချည်ထားသော ကြိုးများအား ရုန်းကန် ဖြုတ်ကာ နေအိမ်အောက်သို့ သွားကြည့်ရာ စတီးချိုင့် တစ်လုံး၊ ဂျင်းဘောင်းဘီ တစ်ထည်၊ ပုဆိုး သုံးထည်၊ စက်ဘီး တစ်စီး၊ စုစုပေါင်း တန်ဖိုး သုံးသောင်း ခန့်အား ခိုးယူ ထွက်ပြေး သွားကြောင်း သိရ သဖြင့် လှိုင်သာယာ ရဲစခန်းသို့ တိုင်ကြား ခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ တာဝန် ရှိသူများက စုံစမ်း စစ်ဆေး ဖော်ထုတ်ရာ ယင်း အကြမ်းဖက် လုယက်သည့် တရားခံမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ စိုးလေး(ခ) မင်းဇော် (၂၆)နှစ် ဖြစ်ကြောင်း သိရ၍ အချိန်မီ ဖမ်းဆီး နိုင်ခဲ့သည်။ ယင်းအမှုကို လှိုင်သာယာ ရဲစခန်းမှ (ပ)၁၄၆၅/၁၀၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၉၂ဖြင့် အမှုဖွင့် စစ်ဆေး နေကြောင်း သိရသည်။

၁၄ . ၁၁ . ၂၀၁၀ © Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats