Navigation - link to other main sections from here


ယုံကြည်လို့ ပုံအပ်မိတာ


ပဲခူးတိုင်း ဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် ဥဿာမြို့သစ်၌ ဧည့်သည် အိမ်စောင့် အမျိုးသမီးက အိမ်ရှင် များ၏ ယုံကြည်မှုကို အခွင့် အရေးယူပြီး အိမ်ရှင်များပိုင် ရွှေ့ပြောင်း နိုင်သော လူ့အသုံး အဆောင် ပစ္စည်း များကို ခိုးယူ သွားမှုအား တရားစွဲဆို ခဲ့သည့် မှုခင်း သတင်း ရရှိသည်။ အမှုမှာ ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၂) ၊ မြေတိုင်း (၃) ရပ်ကွက် ၊ ဘုရင့်နောင်လမ်း ၊ အိမ်အမှတ် ( ၃ /၂၈၇ ) နေ အိမ်ရှင် ဦးစိုးမင်းထွဋ် + ဒေါ်သဉ္ဇာမောင်မောင် တို့ လင်မယား သည် ၂၀၁၀ သြဂုတ် ၂၀ရက်က နာရေး ကိစ္စဖြင့် ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့သို့ ခရီး သွားနေ ခဲ့စဉ် ၎င်းတို့ နှင့် ခင်မင် သိကျွမ်း နေသူ မွန်ပြည်နယ် သံဖြူ ဇရပ်မြို့မှ ဧည့်သည် အဖြစ် လာရောက် တည်းခို နေသော ကရင်မ (ခ) မသက်သက်မွန် (၃၂) နှစ် (ဘ) ဦးကျော်ဆွေ အား ဧည့်သည် အိမ်စောင့် အဖြစ် နေအိမ်အား ယုံကြည်စွာ အပ်နှံ ခဲ့ကြောင်း သိရသည်။

၎င်းတို့ လင်မယားမှာ သြဂုတ်၂၇ ရက်၌ ခရီး သွားရာမှ နေအိမ်သို့ ပြန်လည် ရောက်ရှိ လာခဲ့ရာ အိမ်စောင့် ကျန်ရစ်သူ ဧည့်သည် ကရင်မ(ခ) မသက်သက်မွန်က ၎င်းတို့ပိုင် ငွေစက္ကူကျပ်သိန်း ၂၀၊ လက်တော့ပ် ကွန်ပျူတာ တစ်လုံးနှင့် စတီးရောင် ဓာတ်ခဲ နာရီ တစ်လုံး စုစုပေါင်း ကာလ တန်ဖိုး ၃၂သိန်း လေးသောင်း ဖိုးခန့်အား ခိုးယူ ပျောက်ဆုံးကြောင်း တိုင်တန်းချက် ရရှိ သဖြင့် ပဲခူး အမှတ် (၃) ရဲစခန်းမှ (ပ) ၃၄၂ / ၂၀၁၀ ပြစ်မှု ပုဒ်မ ၃၈၁ အရ အမှု ဖွင့်ပြီး အမှုစစ် ဒုရဲအုပ် သိန်းမြင့်က အမှုဖြင့် အလိုရှိသူ ကရင်မ(ခ) မသက်သက်မွန် အား စုံစမ်း ရှာဖွေ ဖမ်းဆီး ခဲ့ပြီးနောက် ပြစ်မှု ဥပဒေ ပုဒ်မ-၃၈၀ ဖြင့် ပဲခူးမြို့နယ် တရားရုံး၊ ဒုတိယ မြို့နယ် တရား သူကြီး(၂) ရုံးက ရာကြီး အမှတ် ၄၂၆၇/၂၀၁၀ ဖြင့် အမှု ကြားနာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

၁၄ . ၁၁ . ၂၀၁၀
ရေးသားသူ-မင်းပြည်လင်း
© Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats