Navigation - link to other main sections from here


ကွန်ပျူတာဖြင့် ဖန်တီး ထားသည့် ပုံများဖြင့် ခြောက်လှန့် ငွေတောင်း


ကွန်ပျူတာဖြင့် ဖန်တီးထား သည့်ပုံများဖြင့် ခြောက်လှန့် ငွေတောင်းမှု တစ်ခု အောက်တိုဘာ ၁၈ ရက်က လှည်းကူး မြို့နယ် တွင် ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၇နာရီ ၌ လှည်းကူးမြို့နေ ဦးခင်ထွန်း ရှိရာ နေအိမ်သို့ ကျွန်းကလေး ကျေးရွာနေ သမီးဖြစ်သူ မ....ရောက်ရှိ လာပြီး မောင်.....၂၅နှစ် အား အောင်မင်္ဂလာ ရပ်ကွက် သီတာအေး ၇ လမ်း နေ ခင်ဇော် ကွန်ပျူတာဖြင့် ဖန်တီး ထားသည့် ပုံများဖြင့် ခြောက်လှန့် ငွေတောင်းကာ ၎င်း၏ ဇနီး နှင့် မောင် ..... တို့ တွဲရိုက် ထားသော ဓာတ်ပုံကို ပြသကာ ခြိမ်းခြောက် ငွေတောင်း နေကြောင်း၊ ဦးခင်ထွန်းက သားဖြစ်သူအား ခေါ်ယူ မေးမြန်းရာ ဟုတ်မှန်ကြောင်း ၎င်း ဓာတ်ပုံကို မောင်.....၏ ရည်းစား ဖြစ်သူထံ သွားရောက် မပြသ စေလိုလျှင် ငွေပေးရမည်ဟု ပြောဆိုခဲ့၍ ငွေကျပ်သုံးသောင်း၊ ငါးသောင်း စသည့်ဖြင့် လေးငါးကြိမ် နီးပါးပေး ခဲ့ရကြောင်း၊ အောက်တိုဘာ ၁၉ ရက် တွင်လည်း ငွေရှစ်သောင်းထပ် ပေးရမည်ဟု ပြောဆို ထားကြောင်း သိရှိခဲ့ ရသည်။ ဦးခင်ထွန်းက သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ညှိနှိုင်း၍ ငွေရှစ်သောင်း လာယူရန် အကြောင်းကြားကာ ငွေလာ ယူရန် ခင်ဇော် ရောက်ရှိ လာချိန်နှင့် တစ်ပြေးညီ ဖမ်းဆီးပြီး လှည်းကူး ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ လှည်းကူး ရဲစခန်းက အမှတ်၄၉၈/၂၀၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၄ ဖြင့် အရေးယူ ဆောင်ရွက်နေ ကြောင်းသိရသည်။

၁၄ . ၁၁ . ၂၀၁၀ © Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats