Navigation - link to other main sections from here


နေပြည်တော်တွင် မီးလောင်မှုဖြစ်


နေအိမ်တွင် လူမရှိဘဲ မီးဖိုခန်း၌ လျှပ်စစ်မီးဖိုအား မီးမပိတ်ဘဲ ဒယ်အိုး တင်ထားရာမှ အပူရှိန် လွန်ကဲကာ မီးလောင်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီခွဲတွင် နေပြည်တော် ပျဉ်းမနား ရဲစခန်း၌ စခန်းမှူး ရဲအုပ်အောင်သန်း တာဝန် ထမ်းဆောင်ချိန် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်း ရရှိ၍ အခင်းဖြစ်ပွားရာ နေရာသို့ သက်သေများ နှင့် အတူ သွားရောက် စစ်ဆေးရာ နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာ မီးရထားရပ် ဦးလှဒင်လမ်း အိမ်အမှတ် ၁၃/ ၂၁(ခ)နေ အောင်ကျော်လင်း (၃၀)နှစ် (ဘ) ဦးပါ၏ နေအိမ်၌ လူမရှိဘဲ မီးဖိုခန်းရှိ လျှပ်စစ်မီးဖိုအား မီမပိတ်ဘဲ ဒယ်အိုးတင်ကာ ထားရှိရာမှ အပူချိန် လွန်ကဲ၍ မီးဖိုခန်း ထရံနှင့် လေပန်ကာ တစ်လုံးတို့အား မီးလောင်ကျွမ်းခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာ နေရာသို့ နေပြည်တော်ခရိုင် မီးသတ် တပ်ဖွဲ့မှူး ရဲကျော်စွာဝင်းမြင့်နှင့် တပ်ဖွဲ့ဝင် ၁၅ဦး၊ မီးသတ်ယာဉ် လေးစီး၊ ရဲအုပ်အောင်သန်းနှင့် တပ်ဖွဲ့ဝင် ၁၇ဦးတို့နှင့် အများပြည်သူတို့ ၀ိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် ၅နာရီ ၄၅မိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။


၁၇ . ၁၁ . ၂၀၁၀ © Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats