Navigation - link to other main sections from here


မြို့ဝန်သားက ၉၁၁ ကို နောက်ပြောင် မှုကြောင့် စွဲချက်တင် ခံရ


နောက်ပြောင် ကျီစယ်သူ တစ်ဦး ကြောင့် ချက်တန် ဒူဂါမြို့က ရဲတပ်ဖွဲ့ဝင်တွေ အလုပ်ရှုပ် ခဲ့ရတဲ့ အမှု တစ်မှု ဖြစ်ပွားခဲ့ ပါတယ်။ တကယ်တော့ အဲဒီ နောက်ပြောင် ကျီစယ်သူဟာ မြောက် ဂျော်ဂျီယာက မြို့တော်ဝန်ရဲ့ သားတစ်ဦး ဖြစ်ပါတယ်။ သူ့နာမည်က ဂျယ်ရယ် မီဆမ်းမား ဖြစ်ပါတယ်။ အသက် (၂၈) နှစ် အရွယ်ရှိတဲ့ ဆမ်းမားဟာ ကာတူဆာ ကောင်တီ မြို့ဝန် ဖီးလ်ဆမ်းမားရဲ့ သား ဖြစ်ပါတယ်။

အဲဒီနေ့က ဆမ်းမားဟာ ချက်တူနဲ့ နူဂါမြို့လယ်ကောင်မှာ သေနတ်သမား တစ်ဦးကို တွေ့ရှိရတယ် ဆိုပြီး ၉၁၁ကို ဖုန်းဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖုန်းဆက်တဲ့ အတွက် ဟာမီတန်ကောင်တီ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ သေနတ်သမားကို ဖမ်းဆီးဖို့ ချက်တန်နူဂါ မြို့လယ်ကောင်ကို လက်နက် အပြည့်အစုံနဲ့ ချက်ချင်းလိုလို သွားရောက် ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ရောက်တဲ့ အချိန်မှာ သေနတ်သမားကို မတွေ့ရဘဲ ဆမ်းမားနဲ့ သူ့ရဲ့သူငယ်ချင်း နှစ်ဦးကိုသာ တွေ့ခဲ့ကြရပါတယ်။ အခုဆိုရင် ဆမ်းမားဟာ မှားယွင်းတဲ့ သတင်းပေးမှုနဲ့ စွဲချက် တင်ခံရမယ့် အရေးနဲ့ ရင်ဆိုင် နေခဲ့ရပါတယ်။

၁၇ . ၁၁ . ၂၀၁၀
Ref: Internet/KH
© Flower News


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats