Navigation - link to other main sections from here


မုဒိမ်းမှု ကျူးလွန်သူ ထောင် နှစ် ၅၀၀ ကျ


တပ်ဆန်(အရီဇိုးနား)- အရီဇိုးနား တက္ကသိုလ်မှ ကျောင်းသူ နှစ်ဦးကို မုဒိမ်း ပြုကျင့်ခဲ့သော တပ်ဆန်မြို့သား တစ်ဦးအား ထောင်ဒဏ် ၅၄၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ Daily Star သတင်းစာတွင် ရေးသား ဖော်ပြချက် အရ အသက် (၃၁) နှစ် အရွယ်ရှိ မန်နျူ ယယ်ဂါ ဆီယာ အား သူ၏ ကြီးလေးသော ပြစ်မှု အတွက် ဇူလိုင် ၁၉ရက်က စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဂါဆီယာသည် အရီဇိုးနား တက္ကသိုလ် ကျောင်းသူ နှစ်ဦး ရှိနေသော အိမ်များ ထဲသို့ အမှတ်မထင် ၀င်ရောက် သွားခဲ့ခြင်း ဖြစ်သည်။ သူ ၀င်ရောက်သွားသည့် အချိန်တွင် ကျောင်းသူ လေးများမှာ အိပ်ပျော်နေလျက် ရှိကြောင်း၊ သူက နှစ်ဦးစလုံးကို မုဒိမ်း ကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ပီမာ ကောင်တီ တရားရုံးရှေ့နေက သက်သေ အထောက်အထားများနှင့် တင်ပြခဲ့ခြင်း ဖြစ်သည်။

ဂါဆီယာအား ၂၀၀၉ ခုနှစ် ဇွန်လက မူးယစ်ဆေးဝါး အမှု နှင့် ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီး သူ၏ ဒီအင်န်အေအား စစ်ဆေးတွေ့ရှိခဲ့သော အချက် အလက်များ အရ ကျောင်းသူလေး နှစ်ဦးအား လိင်ပိုင်း ဆိုင်ရာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုနှင့် ဆက်စပ် ပတ်သက်လျက် ရှိနေကြောင်း တွေ့ ရှိရခြင်း ဖြစ်သည်။



၁၇ . ၁၁ . ၂၀၁၀
Ref: AP
© Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats