Navigation - link to other main sections from here


အရက်မူး သမား ထံမှ ရွှေဆွဲကြိုး ဖြုတ်ခိုး


အရက်မူး နေသည်ကို အခွင့်ကောင်း ယူ၍ ရွှေဆွဲကြိုးဖြုတ် ခိုးသည့် ဖြစ်ရပ် တစ်ခု နိုဝင်ဘာ ၁၁ ရက်က သာကေတ မြို့နယ်တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ် ၆/ အနောက် ရပ်ကွက်၊ ဝေဇယန္တာ အနောက် ၁၃ လမ်းနေ ကွန်ပျူတာ စာစီစာရိုက် လုပ်ကိုင်သူ ဦးသန်းထွန်းလေး (၃၈) နှစ်သည် ယင်းရပ်ကွက် ဇင်္ဂမလမ်းရှိ စားသောက်ဆိုင်တွင် ဘီယာသောက်ပြီး စက်ဘီးစီး၍ နေအိမ်သို့ ပြန်လာစဉ် ဇင်္ဂမလမ်းဘေးတွင် စက်ဘီးနှင့် အတူလူပါ လဲကျသွားခဲ့သည်။

ထိုစဉ် လူနှစ်ဦး ရောက်ရှိလာပြီး တွဲပို့ပေးမည်ဟု ပြောဆိုကာ ၎င်းအား တွဲပို့ခဲ့သည်။ ဦးသန်းထွန်းလေး သတိရလာသော အခါ သာကေတမြို့၊ ဇောတရုံလမ်း၊ အမက (၃) ကျောင်းရှေ့သို့ရောက်နေသည်ကို တွေ့ရပြီး ဝတ်ဆင်ထားသော ကျပ်ခြောက်သိန်းခွဲတန် ရွှေဆွဲကြိုး နှင့် စီးလာသော စက်ဘီးမှာလည်း ပျောက်ဆုံး နေကြောင်း သိခဲ့ရသည်။ ယင်းအမှုကို သာကေတ အမှတ် (၁) ရဲစခန်းမှ (ပ)၅ဝ၂/၂ဝ၁ဝ ပြစ်မှုပုဒ်မ ၃၇၉ဖြင့် စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။


၀၃ . ၁၂ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats