Navigation - link to other main sections from here


ငါးကန် အရောင်း အဝယ် ပြောရာမှ လူသတ်မှုဖြစ်


ငါးကန် အရောင်း အဝယ် ပြောရာမှ လူသတ်မှုထိ ဖြစ်ခဲ့ ရသည့် ဖြစ်စဉ် တစ်ခု ကော့မှူး မြို့နယ်တွင် ဖြစ်ပွား ခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီခန့်က ကော့မှူးမြို့နယ်၊ ရွာတန်းရှည် ကျေးရွာ အုပ်စုရှိ ကန့်လန့် ကျေးရွာနေ ပြည့်စုံ ဆိုသူ သည် လယ်ထဲတွင် ရှိနေစဉ် အစ်ကိုဖြစ်သူ ဝင်းထွဋ်အား တစ်ရွာတည်း နေသူ စိုးမောင်မောင် ဆိုသူက ကွင်းပိုင် ပူဇော်ရန် ရှိကြောင်း ပြောပြီး လိုက်ခဲ့ရန် ခေါ်သွားခဲ့သည်။

ထို့နောက် စိုးမောင်မောင် နှင့် ဝင်းထွဋ်တို့ နှစ်ဦးသည် ငါးကန် အရောင်းအဝယ် ကိစ္စဆွေးနွေးကြပြီး စိုးမောင်မောင်က ငါးကန်အား ကျပ်တစ်သိန်းခွဲဖြင့် ရောင်းချရန်ပြောခဲ့ရာ ဝင်းထွဋ်က တစ်သိန်းသာ ပေးမည်ဖြစ်ကြောင်း ပြောကြရာမှ စကားများ ရန်ဖြစ်ပြီး စိုးမောင်မောင်က ဝင်းထွဋ်အား အရိုးအသွား လက်မ၂၀ခန့်ရှိ ကိုင်းခုတ်ဓားဖြင့်ခုတ်၍ ဝင်းထွဋ်မှာ လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာ ရရှိပြီး သေဆုံးသွား ခဲ့သည်။ ကော့မှူးရဲစခန်းမှ (ပ)၁၃၁/၂၀၁၀၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

၀၃ . ၁၂ . ၂၀၁၀ © The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats