Navigation - link to other main sections from here


ရောဂါဝေဒနာ ခံစားနေရသော ဇနီးသည်၏ သေဆုံး လိုသော ဆန္ဒကို ဖြည့်ဆည်း ကူညီသည့် ခင်ပွန်းသည် တရားရင်ဆိုင် နေရ


ဤအမှုသည် ယခုနှစ် မေလတွင် ရှက်ဖီးလ်ရှိ ၀က်ဒ်စလီတွင် ဖြစ်ပွားခဲ့သော လူသတ်မှု တစ်မှု ဖြစ်သည်။ ထို အမှုတွင် လူသတ်သမားဟု စွပ်စွဲခံရသူ ခင်ပွန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသော ဇနီး ဖြစ်သူအား အဆုံးသတ် ပေးလိုက်ခြင်းဖြင့် တရားရုံးတွင် ထိုအမှုကို လူသေမှုသာ သတ်မှတ် သင့်ကြောင်း လျှောက်လဲ ထားသော အမှုတစ်ခု လည်းဖြစ်သည်။ ထိုအမှုတွင် ပင်စင်စား မစ္စတာဂျော့ဝက်ဘ် (၇၃)နှစ်နှင့် ဇနီးဘာယယ် (၇၅)နှစ်တို့သည် ရှက်ဖီးရှိ ၀က်ဒ်စတီမှ အိမ်တစ်လုံးတွင် နေထိုင်ခဲ့ကြသည်။ ဇနီးသည် ရင်သားကင်ဆာ ဝေဒနာရှိ နေသည့်အပြင် မသေဆုံးမီ သုံးလ အလိုက ဆေးရုံက သူမတွင်ဖြစ်တန်ရာ အခြေအနေဖြစ်သော လေဖြတ်ခြင်း လက္ခဏာပြသနေကြောင်း ပြောကြား ခဲ့သည်။

သူမသည် လူနာထိုင်ဘီးတပ် ကုလားထိုင်ဖြင့် သွားလာနေရသူ တစ်ဦးလည်း ဖြစ်သည်။ ယခင် သူမ၏ ဝေဒနာ ခံစားရမှုများ ပြင်းထန်သောအခါ မိမိကိုယ်မိမိ သတ်သေရန် ကြိုးပမ်းလာမှုများ ရှိလာခဲ့သည်ဟု သိရသည်။ သို့ရာတွင် အစိုးရရှေ့နေက တရားရုံးတွင် တင်ပြလျှောက်လဲ သွားချက်များအရ သူမ၏ နေ့စဉ်မှတ်တမ်း စာအုပ်ထဲ၌ ရေးသားထားချက်များတွင် ၎င်း၏ ခင်ပွန်းသည် သူမအား သေသွားစေချင်သည်ဟု ရေးသားဖော်ပြထားခဲ့ပြီး ဆက်လက်ပြီး ရေးသားဖော်ပြထားရာ၌ ၎င်း၏ခင်ပွန်း ထိုကဲ့သို့ စိတ်ရှိသော အနေအထားမျိုးဖြင့် အိမ်ထဲသို့ ၀င်လာသော အခြေအနေမျိုးတွင် အလွန်ကြောက်ရွံ့မိကြောင်းနှင့် မည်သူ့ကိုမျှ မတွေ့လို၊ မမြင်လိုကြောင်း ရေးသားဖော်ပြထားသည်ဟု ထွက်ဆိုသွားခဲ့သည်။

ခင်ပွန်း မစ္စတာ ဂျော့ဝက်ဘ်က ထွက်ဆိုသွားရာ၌ သူမသည် မစ်ဆွမ်းမား ရုပ်သံအစီအစဉ်အား ကြည့်ရှုခဲ့ပြီးနောက် ဆေးများကို အလွန်အကျွံသောက်ပြီး သေရန် စိတ်ကူးရလာခဲ့ကြောင်း၊ ထိုကဲ့သို့ စိတ်ကူးရလာပြီးနောက်ပိုင်း ဝေဒနာကြောင့် သူမသည် မိမိကိုယ်မိမိ သတ်သေရန် ကြိုးပမ်းမှုများ ရှိလာခဲ့ပါကြောင်း၊ သူမသည် မသေဆုံးမီက ဆေးပြားများကို အလွန်အကျွံ သောက်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ မလုပ်ဆောင်မီ သူ့အား ထိုကဲ့သို့ လုပ်ဆောင်ပါလျက် သေဆုံးသွားခြင်း မရှိပါက ၎င်းအား မိမိမှ အဆုံးသတ်ပေးပါရန် မှာကြားခဲ့ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

သူမက ဆေးပြားများ အလွန်အကျွံသောက်ပြီး ကြောက်ရွံ့မှုများ သူမထံတွင် ဖြစ်ပေါ်နေစဉ်အချိန်တွင် မစ္စတာဂျော့ဝင်ဘ်က သူမအား အသက်ရှုမွန်းကျပ်၍ သေဆုံးမှုဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ တရားရုံးတွင် အစိုးရရှေ့နေက မစ္စတာဝက်ဘ်၏ လုပ်ဆောင်မှုသည် အင်္ဂလန်နိုင်ငံ၏ ဥပဒေနှင့် ဆန့်ကျင်သော ပြုမူလုပ်ဆောင်မှုဖြစ်ပြီး တရားမ၀င်ပါကြောင်း တင်ပြခဲ့သည်။ မစ္စတာဝက်ဘ်က သေဆုံးလိုသူ၏ ဆန္ဒအရ လုပ်ဆောင်ပေးခဲ့ သည့်အတွက် ဤအှုသည် လူသေမှုသာ မြောက်သည်ဟု ၀န်ခံထွက်ဆိုခဲ့သည်။ အဆိုပါအမှုအား တရားရုံးမှ ဆက်လက် စစ်ဆေးဆဲ ဖြစ်သည်ဟု သိရသည်။

၀၃ . ၁၂ . ၂၀၁၀
© Daily Mail/ MZM/ AMW

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats