Navigation - link to other main sections from here


ခြောက်လွှာမှ ပြုတ်ကျ ခဲ့သော မိန်းကလေးငယ် သေကံ မရောက်


ကျောက်တံတား မြို့နယ် အတွင်း နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက အထပ်မြင့် တိုက်ခန်း တစ်ခုတွင် နေထိုင်သည့် အိမ်အကူ အမျိုးသမီးငယ် တစ်ဦးသည် ဝရန်တာ၌ အဝတ်လှန်း နေစဉ် ၆ လွှာ အမြင့်မှ မြေပြင်သို့ ပြုတ်ကျခဲ့ သော်လည်း သေကံ မရောက် ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ် အချိန်၌ ကျောက်တံတား မြို့နယ်၊ ၃၅ လမ်း အထက်ရှိ တိုက် အမှတ် (၃၅၃/ဗ) ၊ ၆ လွှာတွင် အိမ်အကူ အဖြစ် လုပ်ကိုင်လျက် ရှိသူ အသက် ၁၂ နှစ် အရွယ်ရှိ မ..... သည် အိမ်ရှင် များ အိပ်ပျော် နေစဉ် တိုက်ခန်းရှေ့ ဝရန်တာ၌ အဝတ်ထွက် လှန်းရာ အဝတ် ပြုတ်ကျ သွားသည်ကို လှမ်းဆွဲရာမှ အရှိန်လွန်ကာ အောက်သို့ ပြုတ်ကျ ခဲ့သည်။ မျက်မြင် ကြုံတွေ့ခဲ့ရသည့် ၃၅ လမ်းတွင် နေထိုင်သူ တစ်ဦးက “အပေါ်က ပြုတ်ကျ လာတုန်း ကတော့ အဝတ်ထုပ် ကျလာတယ်ပဲ ထင်နေတာ။

နောက်တော့မှပဲ တိုက်ပေါ်က လူပြုတ်ကျမှန်း သိရတယ်။ အခုပြုတ်ကျတဲ့ ကောင်မလေးက အဲဒီအိမ်မှာ အိမ်အကူလုပ်တာ မကြာသေးဘူး။ သူက သွက်သွက်လက်လက်လေး။ ပြုတ်ကျတဲ့ အချိန် အိမ်ရှင်တွေကလည်း အိပ်နေတုန်းဆိုတော့ သူပြုတ်ကျတာကို မသိဘူး။ လမ်းထဲက လူတွေ သွားပြောမှ သိရတာ” ဟု ဆိုသည်။ အဆိုပါ တိုက်နှင့် မျက်နှာချင်းဆိုင် တိုက်ခန်းတွင် နေသူ တစ်ဦးက “မနက်စောစောပိုင်း အဲဒီ ဝရန်တာမှာ ဆပ်ပြာရည်တွေနဲ့ ကောင်မလေး ကြမ်းတိုက်နေတာကို တွေ့တယ်။

ပြီးတော့ အဝတ်ထွက်လှမ်းရင်း အောက်ကို ပြုတ်ကျတယ်။ အောက်ကိုကျတဲ့ အချိန်မှာ ဓာတ်ကြိုးပေါ်ကို အရင်ကျပြီး အဲဒီကမှ အောက်မှာ ညအိပ်ရပ်ထားတဲ့ ဆလွန်းကားပေါ်ကျတယ်။ ပြီးမှ လမ်းပေါ်ကို ဘေးစောင်းလေး ကျသွားတယ်။ လက်က အရိုးကတော့ ငေါထွက်သွားပြီး ခေါင်းကိုလည်း ထိသွားတယ်။ သွေးတွေ အရမ်း ထွက်နေပြီး သတိမရလို့ ဆေးရုံကို အမြန်ဆုံး ပို့လိုက်ရတယ်”ဟု ပြောသည်။ ထိုသို့ တိုက်ပေါ်မှ ပြုတ်ကျမှုနှင့် ပတ်သက်၍ ပြုတ်ကျခဲ့သည့် အမျိုးသမီးငယ် သေဆုံးခြင်း ရှိ၊ မရှိ နှင့် အမှုဖွင့် အရေးယူထားခြင်း ရှိ၊ မရှိ တို့အား ကျောက်တံတားမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက အဆိုပါ အမျိုးသမီးငယ်ကို ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့ခြင်းကြောင့် အသက်သေဆုံးမှုမရှိဘဲ ထိခိုက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ အတွင်း လူနာ(မစိုးရိမ်ရ) အဖြစ် ဆက်လက် ဆေးဝါးကုသမှု ခံယူ လျက်ရှိကြောင်းနှင့် အမှုဖွင့် အရေးယူထားခြင်း မရှိကြောင်း သိရသည်။

၀၃ . ၁၂ . ၂၀၁၀ © Flower News
သူရထွန်း

Hits: Hits
Action:
| More

1 comments:

Unknown said...

How can people go to bed and sleep peacefully knowing that they have someone else' CHILD do their house chores all day? It is horrible. This is just a 12-year old CHILD. Why is the reporter using the word 'young woman'? Is he kidding? This is child's abuse.

Post a Comment

Free counter and web stats